မောင်လှ ဇာတ်လမ်း ( 1 ) ““မောင်လှ . . မောင်လှ”” ““ဟေ့ မောင်လှ”” ““မောင်လှ ခေါ်နေတာ မကြားဘူးလား””သုံးခွန်းအရောက်မှာ စိတ်မရှည်သလို အသံလှိုင်းကမြင့်သွားတော့ ကိုယ့်အတွေးနဲ့ကိုယ်တဒုန်းဒုန်းနဲ့နွားစာစဉ်းနေတဲ့မောင်လှတယောက်အလန်းတကြားထူးလိုက်တယ်။““ဗျာ မသန်းမြ ဘာခိုင်းစရာရှိလို့လဲ””အလွတ်ရနေတဲ့ စာသားက ပြောနေကျအတိုင်း ပါးစပ်ကထွက်သွားပြီး လူက ကမန်းကတန်း ထလို့ လက်နှစ်ဘက်ကို ခပ်တိုတို ၀တ်ထားတဲ့ ချည်ကြမ်းလုံချည်ခါးပုံစနဲ့ သုတ်ရင်း တဲအပြင် ပြေးထွက်လာတယ်။ဟုတ်တယ်လေ၊ မသန်းမြတယောက် ဒီနေရာ ကိုခိုင်းစရာ မရှိလို့ကတော့ ယောင်လို့တောင်မလာ။““မနက်ဖြန် ငါ မျိုးစပါး လာကျဲမလို့ အဲဒါ နင် မနက်စောစော သွားပြီး လယ်နဲနဲ ထွန်ထားစမ်း”” ““ဟုတ်ကဲ့ မသန်းမြ””ကျွန်တော့်စကားအဆုံးမှာ လှည့်ထွက်သွားတဲ့ မသန်းမြ နောက်ကျောကို ငေးကြည့်နေမိတယ်။ တင်းရင်းပြီး လုံးဝန်းနေတဲ့ တင်သားတွေက လမ်းလျှောက်လိုက်တိုင်း ခုန်ပေါက်ကစားရင်း ကျုပ်ကို လှောင်ပြောင်နေသလိုလို။ အဲဒါကို ကြည့်မိတိုင်း တံတွေးကိုဘဲ ဂလုကနဲ မြိုမြိုချနေရတဲ့ ကျုပ်ဘ၀။ အင်း သန်းမြတို့ကတော့ လုပ်ချလိုက်ပြန်ပြီ၊ ဒီအချိန် ဘယ်သူမှ လယ်ထဲ မဆင်းကြသေး၊ ခုမှ လယ်ကွက်ထဲ ရေတင်ခါစ၊ အင်းလေ ဘာတတ်နိုင်မ...